Article version 2021.186.0

Volvo Cars ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ

စတင်အကျုံးဝင်သည့်ရက်စွဲ-

ထုတ်ဝေဖြန့်ချိသည့်နေရာ-

Volvo Cars သည် ရေရှည်တည်တံ့ပြီး ဘေးကင်းသော ပုံစံဖြင့် တစ်ကိုယ်ရေ လွတ်လပ်စွာ ရွေ့လျားနိုင်မှု ပံ့ပိုးရန် ("ဝန်ဆောင်မှုများ") သင့်ထံသို့ ဝန်ဆောင်မှုများကို ကမ်းလှမ်းပါသည်။

မိမိတို့ဝန်ဆောင်မှု ဥပမာများမှာ Volvo Cars App ဖြစ်ပြီး ဒီဂျစ်တယ် ဝန်ဆောင်မှုများ၊ အဝေးမှ ယာဥ် ဝန်ဆောင်မှုများ၊ ဘေးကင်းစွာ ချိတ်ဆက်မှု သို့မဟုတ် ကား မျှဝေခြင်းတို့ ဖြစ်သည်။ အချို့သော ဝန်ဆောင်မှုများမှာ ဈေးကွက်ပေါ်မူတည်၍ ကွဲလွှဲမှုရှိနိုင်ပြီး အခြားသော ဝန်ဆောင်မှုများမှာ ကားမော်ဒယ်လ်နှင့် နှစ်တို့ကွာဟချက်အလိုက် ကားလုပ်ဆောင်ချက်လည်း ကွဲလွှဲနိုင်သည်။ ဝန်ဆောင်မှုများအားလုံးသည် ဈေးကွက်များအားလုံး၌ မရနိုင်ပါ။

မြန်မာတွင် သင်နှင့် ဤစည်းကမ်းချက်များသဘောတူချမှတ်ထားသည့် Volvo Cars ကုမ္ပဏီ အဖွဲ့အစည်းမှာ Volvo Car Corporation Dep 50090, HB3S 405 31 Gothenburg, Sweden ဖြစ်ပြီး ဤအသုံးအနူန်းများကို"Volvo Cars" သို့မဟုတ် "ကျွန်ုပ်တို့", "မိမိတို့" သို့မဟုတ် "ကျွန်ုပ်တို့"အဖြစ် ရည်ညွှန်းသွားမည်ဖြစ်၍ Volvo Cars ၏မည်သည့် မိတ်ဖက်မဆို ("မိတ်ဖက်")ပါဝင်သည်။

ဝန်ဆောင်မှု ပံ့ပိုးပေးသူများနှင့် စာချုပ်ချုပ်သည့်အဖွဲ့အစည်းများ

Volvo Cars ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့် အဝေးထိန်းဝန်ဆောင်မှုများ လစဥ်ကြေးပေးသွင်းမှုများအတွက် အပြင် ယင်းသို့ ဆက်သွယ်ပြောဆိုသည့် ဝန်ဆောင်မှုများအတွက် Volvo Cars သည် ဝန်ဆောင်မှု ပံ့ပိုးပေးသူဖြစ်သည်။ အကယ်၍ သင်သည် ကျွန်ုပ်တို့ထံမှ သင့်ကားကို တိုက်ရိုက်ဝယ်ယူခဲ့ပါက ထိုကဲ့သို့သော လစဥ်ကြေး ပေးသွင်းထားသော ဝန်ဆောင်မှုများသည် ကျွန်ုပ်တို့နှင့် သင့်စာချုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင့်ကားကို လက်လီရောင်းချသူထံမှ ဝယ်ယူပါက၊ သင်နှင့် Volvo Cars ကြား တိုက်ရိုက် လစဥ်ကြေး ပေးသွင်းထားသော ဝန်ဆောင်မှုများအတွက် သီးခြားစာချုပ်သည် ကျွန်ုပ်တို့က သင့်အား ဤဝန်ဆောင်မှုများ ပံ့ပိုးပေးမှုကို အကျုံးဝင်ပါသည်။ သက်ဆိုင်ရာ လစဥ်ကြေး ပေးသွင်းထားမှုကာလ ကုန်ဆုံးသောအခါ၊ သင်သည် ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုလိုပါက မေးခွန်းထုတ်ဖွယ်ရှိနေသော ဝန်ဆောင်မှုများအတွက် လစဥ်ကြေး ပေးသွင်းမှုအား သက်တမ်းတိုးရန် သို့မဟုတ် လစဥ်ကြေး ပေးသွင်းမှု အသစ်တစ်ခု ဝယ်ယူရန် လိုအပ်ပါမည်။ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို အသစ်မတိုးရန် သို့မဟုတ် သက်တမ်းမတိုးရန် ရွေးချယ်ပါက ၎င်းတို့အား ပိတ်သွားမည်ဖြစ်၍ အခြားကားအပလီကေးရှင်းများနှင့် တတိယအဖွဲ့အစည်း ဝန်ဆောင်မှုများ ၏ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။

အချို့သော ဝန်ဆောင်မှုများအတွက် ဝန်ဆောင်မှုပံ့ပိုးရန် ကျွန်ုပ်တို့က မိတ်ဖက်တစ်ဦးအား အဆိုပြုလျားထားနိုင်ပါသည်။ ကျွန်ုပ်တို့သည် မှာယူမှု လုပ်ဆောင်ရာတွင် သက်ရောက်သည့် တိကျသော စည်းကမ်းချက်များမှဖြစ်စေ အီးမေးလ် သို့မဟုတ် Volvo Cars App မှဖြစ်စေ မိတ်ဖက်အကြောင်းကို သင့်ထံသို့ အသိပေးသွားမည်။

ဝန်ဆောင်မှုတစ်စိတ်တစ်ပိုင်းပံ့ပိုးပေးဖို့ Volvo Cars မှ တစ်ဆင့်ခံ ကန်ထရိုက်တာတစ်ဦးအဖြစ် ပြင်ပအဖွဲ့အစည်းတစ်ခုကို အသုံးပြုသည့်အခါ သင်နှင့် Volvo Cars ကြား တစ်နည်းနည်းဖြင့် သဘောတူညီချက် မရှိလျှင်သော်လည်းကောင်း ဤစည်းကမ်းချက်များတွင် တစ်နည်းနည်းဖြင့် မဖော်ပြထားလျှင်သော်လည်‌ကောင်း ချမှတ်ထားသည့် တိကျသော စည်းကမ်းချက်များ နှင့်/သို့မဟုတ် ပြင်ပအဖွဲ့အစည်း -စည်းကမ်းချက်များ သို့မဟုတ် စာရွက်စာတမ်းများအရ Volvo Cars သည် ဝန်‌ဆောင်မှုအတွက် တာဝန်ဆက်ရှိပါသည်။ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုများ ပံ့ပိုးနေသည့် တိကျသော ပြင်ပအဖွဲ့အစည်း တစ်ခုခုကို သင်မှ တိုက်ရိုက် သီးသန့် စာချုပ်ချုပ်ဆိုမည့် အဆိုပါ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုများရှိလျှင် Volvo Cars သည် သင့်အတွက် ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုများ ပြုလုပ်ပေးပါမည်။ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုများပံ့ပိုးနေသည့် ပြင်ပအဖွဲ့အစည်းနှင့် သင့်ကြား သဘောတူညီချက်တစ်ခုတွင် Volvo Cars သည် အဖွဲ့ဝင်တစ်ဦးအဖြစ် မည်သည့်အခါမှ မရှိစေရ။

မည်သည့် စည်းကမ်းချက်များ သက်ရောက်ပါသနည်း။

ဝန်ဆောင်မှုများအားလုံးသည် ဤ Volvo Cars ၏တိကျသော စည်းကမ်းချက်များ ("စည်းကမ်းချက်များ")တွင် အကျုံးဝင်ပြီး တိကျသော စည်းကမ်းချက်များ၊ ပြင်ပအဖွဲ့အစည်း စည်းကမ်းချက်များ သို့မဟုတ် စာရွက်စာတမ်းတွင် အကျုံးဝင်သက်ရောက်နိုင်သည်။

ဝန်ဆောင်မှုတစ်ခု သုံးစွဲရန် ဤစည်းကမ်းချက်များကို သင်လက်ခံရမည် (အောက်ရှိ တိကျသော စည်းကမ်းချက်များ ဖော်ပြချက် ပါဝင်နိုင်သည်၊ ဥပမာ-အဝေးမှ ယာဥ် ဝန်ဆောင်မှုများ)။အချို့သောဖြစ်ရပ်များတွင် ၊ အတည်ပြုချက် ခလုတ်ကိုနှိပ်၍ သင်က သီးခြား စည်းကမ်းချက်များနှင့် ချမှတ်ထားသည့် တိကျသော စည်းကမ်းချက်များအား လက်ခံရမည်။ သို့မဟုတ် မှာယူမှုတစ်ခုပြုလုပ်ခြင်းဖြင့် ဝန်ဆောင်မှုတစ်ခု ဝယ်ယူနေလျှင်ထိုသက်ဆိုင်ရာ ဝန်ဆောင်မှု အသုံးပြုရေးအတွက် Volvo Cars နှင့် သင့်ကြားတွင် သင်လက်ခံလိုက်နာကြောင်း သဘောတူညီချက် ရရှိရာရောက်သည်။ ပြင်ပအဖွဲ့အစည်းဝန်ဆောင်မှုများအတွက် သာ စည်းကမ်ချက်သက်ရောက်ပြီး ထိုပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ပံ့ပိုးရေးအတွက် လိုအပ်သည့်အတိုင်းအတာအလျောက်သာ သက်ဆိုင်သည်။

"တိကျသော စည်းကမ်းချက်များ"မှာ အထူးဝန်ဆောင်မှုတစ်ခုအတွက် ဤစည်းကမ်းချက်များအပြင် ကျွန်ုပ်တို့ထံမှ သီးခြားဖော်ပြထားသည့် စည်းကမ်းချက်များ နှင့်/သို့မဟုတ် ဝန်ဆောင်မှုများဖြစ်သည်။ တိကျသော စည်းကမ်းချက်များကို အဆိုပါ စည်းကမ်းချက်များနှင့်အတူ ဖတ်ရှုသင့်ပြီး လိုက်နာသင့်သည်။

"ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုများ" မှာ မိမိတို့နှင့် သီးခြားခွဲရပ်တည်သော သီးသန့် ပြင်ပအဖွဲ့အစည်း တစ်ခုမှ ပံ့ပိုးသော ဝန်ဆောင်မှုများဖြစ်ပြီး မိမိတို့၏ အဓိက တာဝန်မှာ ဤဝန်ဆောင်မှုများ သင်ရရှိရန် ပြုလုပ်ပေးခြင်းဖြစ်သည်။ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုများသုံးစွဲသည့်အတွက်ကြောင့် သင်သည် အခကြေးပေးဆောင်ဖို့ လိုအပ်နိုင်သလို နှင့်/သို့မဟုတ် ပြင်ပအဖွဲ့အစည်း၏ စည်းကမ်းချက်များအား လက်ခံရန် လိုအပ်နိုင်သည်။

"ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုများ"မှာ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုတစ်ခုနှင့် သက်ဆိုင်သော ပြင်ပအဖွဲ့အစည်း တစ်ခုနှင့် သင့်အကြား ရှိသည့် စည်းကမ်းချက်များ နှင့် အခြေအနေများဖြစ်သည်။

"စာရွက်စာတမ်း" သည် Volvo ကားအက်ပ်များရှိ၊ သင့် Volvo ကားရှိ နှင့်/သို့မဟုတ် သင့်ဒေသန္တရ Volvo ကား လက်လီအရောင်းဆိုင်ရှိ https://www.volvocars.com/ie/v/legal/subject-rights-requesthttps://www.volvocars.com တွင်ရှိသော Volvo ကားများ၏ ဂေဟစနစ်တစ်လျှောက် နေရာအမျိုးမျိုးတွင် ရှိသော သီးသန့်ဝန်ဆောင်မှုများ၊ ဥပမာ ပိုင်ရှင်၏ လက်စွဲစာအုပ်၊ အကြောင်း အခြားအချက်အလက်များကို ရည်ညွှန်းပါသည်။ စာရွက်စာတမ်းတွင် ဥပဒေအသုံးအနူန်းများနှင့် အခြေအနေများ အပြင် အထူးဝန်ဆောင်မှုတစ်ခုအား သင့်သုံးစွဲနိုင်ပုံကို ကန့်သတ်ခြင်းတို့ ပါဝင်နိုင်ပြီး ဤဖောင်များမှာ သင်နှင့် Volvo Cars ကြား နှစ်ဦးသဘောတူ စာချုပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြသည်။ စာရွက်စာတမ်းနှင့် ဤ စည်းကမ်းချက်များ သို့မဟုတ် တိကျသော စည်းကမ်းချက်တစ်ခုခုတို့မှာ ကွဲလွှဲချက်ရှိနေလျှင် တိကျသော စည်းကမ်းချက်များသာလျှင် သက်ရောက်စေရမည်။ စာရွက်စာတမ်းတွင် ပါဝင်မှုမရှိသော မည်သည့်အရာကမျှ သင့်အား တိကျသော ဝန်ဆောင်မှုတစ်ခုခုသုံးစွဲခွင့် မပြုစေရ။

ဝန်ဆောင်မှုတစ်ခု သုံးစွဲခြင်း

သတ်မှတ်ချက်များ

သင်သည် ဝန်ဆောင်မှုတစ်ခုအား သုံးစွဲနိုင်သည်မှာ အကယ်၍ သင်သည် - (က) အသက်ပြည့်မီရမည်၊ (ခ) စာချုပ်ချုပ်နိုင်စွမ်းရှိရမည် နှင့် (ဂ) သက်ဆိုင်ရာ ဥပဒေများအရ ဝန်ဆောင်မှုသုံးစွဲခြင်း ကန့်သတ်ခံရသူ မဖြစ်စေရ။

Volvo ကားတစ်စီး၏ "မူလ ယာဥ်မောင်း" သည် ကားအား အပြီးအပြတ် ဖယ်ရှားခွင့်ရှိသောသူ၊ သယ်ယူပို့ဆောင်ရေးနည်းသွယ်အဖြစ် ရာသက်ပန် သုံးစွဲခွင့်ရှိသူနှင့်/သို့မဟုတ် ပိုင်ရှင်အဖြစ် မှတ်ပုံတင်ထားသူ၊ စာချုပ်နှင့် ငှားရမ်းသူ၊ အသင်းဝင်ထားသူ သို့မဟုတ် နိုင်ငံပိုင်နက်တစ်ခု (အကျုံးဝင်လျှင်) တွင် ကားသုံးစွဲရန် ခွင့်ပြုချက်ရသူ ဖြစ်သည်။ မူလ ယာဥ်မောင်းသည် ကားပိုင်ရှင်ဖြစ်စရာမလိုပေ- ဥပမာ Volvo ကားကို စာချုပ်နှင့် ငှားရမ်းသူဖြစ်သည့်အခါ ကားပိုင်ရှင်မှာ ငှားရမ်းပေးသည့် ကုမ္ပဏီဖြစ်သည် သို့မဟုတ် Volvo ကားမှ ပံ့ပိုးသော Care တစ်ခု၏ အဖွဲ့ဝင်ကြေးသွင်းသူဖြစ်နိုင်သည်။ Volvo ကားနှင့် အသေအချာတစ်နည်းမဟုတ် တစ်နည်းဖြင့် ဆက်စပ်နေသည့် ဝန်ဆောင်မှု သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို Volvo ကား တစ်စီးစီးနှင့်ချိတ်ဆက်မှု သို့မဟုတ် အခြားဝန်ဆောင်မှုတစ်ခုခုကို သုံးစွဲရန် သင်သည် မူလ ယာဥ်မောင်းဖြစ်ရမည် သို့မဟုတ် မူလ ယာဥ်မောင်း၏ ရှင်းလင်းပြီး အငြင်းပွားဖွယ်မဖြစ်သော ခွင့်ပြုချက် ရှိရမည်။ သင်သည် မူလ ယာဥ်မောင်းဟုတ်မဟုတ် သို့မဟုတ် မူလ ယာဥ်မောင်း၏ ခွင့်ပြုချက် ရှိမရှိကို ကျွန်ုပ်တို့က အချိန်မရွေး စုံစမ်းစစ်ဆေးနိုင်သည်။

Volvo ကားနှင့် ဝန်ဆောင်မှုတစ်ခုကြားတွင်ဖြစ်စေ ဝန်ဆောင်မှုအမျိုးမျိုးကြားတွင်ဖြစ်စေ ပြုလုပ်သော မည်သည့် ချိတ်ဆက်မှုမဆိုအား စာရွက်စာတမ်းတွင်ဖော်ြပထားသည့်အတိုင်း အချိန်မရွေး ပိတ်ချနိုင်ပါသည်။ သင်သည် ကား၏ မူလ ယာဥ်မောင်းမဟုတ်တော့သည့်အခါ သို့မဟုတ် မူလ ယာဥ်မောင်း၏ ခွင့်ပြုချက်မရှိတော့သည့်အခါ မည်သည့်ချိတ်ဆက်မှုမဆိုအား ပိတ်ချရန် သင့်တွင် ဝတ္တရားရှိသည်။

ဝန်ဆောင်မှုများသည် Volvo ကားမော်ဒယ်လ်နှင့် ကားမော်ဒယ်လ်ထုတ်လုပ်နှစ်၊ သင်နေထိုင်ရာ နိုင်ငံ၊ Volvo ကား မှတ်ပုံတင်ထားပြီး ရောင်းချသော အသုံးပြုသော နိုင်ငံ၊ သင်၏ မိခင်ဘာသာစကား၊ မိုဘိုင်း ကွန်ရက် ပံ့ပိုးသူ၊ အချက်အလက်နည်းပညာစနစ် နှင့် အက်ပလီကေးရှင်း ဝန်ဆောင်မှု ပံ့ပိုးသူ (များ)ပေါ်မူတည်၍ ကွဲလွှဲမှုရှိနိုင်သည်။ Volvo ကားအား လိုအပ်သည့် နည်းစနစ်ဆိုင်ရာ ဝိသေများမထည့်သွင်းထားလျှင်ဖြစ်စေ ဤစည်းကမ်းချက်များ၊ တိကျသော စည်းကမ်းချက်တစ်ခုခု နှင့်/သို့မဟုတ် အထူးဝန်ဆောင်မှုအတွက် ပြင်ပအဖွဲ့အစည်း - စည်းကမ်းချက်များ တွင် ဖော်ပြထားသည့် သတ်မှတ်ချက်များနှင့် မလိုက်နာလျှင်ဖြစ်စေ ကျွန်ုပ်တို့သည် သင့်ကို ဝန်ဆောင်မှု(များ) ပံ့ပိုးပေးရန် ဝတ္တရားမရှိပါ။ ကျွန်ုပ်တို့သည် မိမိတို့၏ဝန်ဆောင်များ၊ မည်သို့သော အကျုံးဝင်သက်ရောက်သည့် သတ်မှတ်ချက်မဆိုနှင့် ဆက်စပ်၍ အချက်အလက်ထုတ်ပြန်ထားသဖြင့် ထိုဝန်ဆောင်မှုကို သင်မဝယ်ယူမီ သို့မဟုတ် အဖွဲ့ဝင်ကြေးမသွင်းမီ ဖတ်ရှုပြီး နားလည်ထားသင့်သည်။

ဝန်ဆောင်မှုများသည် အချို့သော ကိရိယာ(များ)အား သင်ဝင်ရောက်သုံးစွဲမှု ပေါ်မူတည်ပြီး ကွဲလွဲနိုင်သည် (ဥပမာ မိုဘိုင်းကိရိယာ သို့မဟုတ် ဆော့ဖ်ဝဲနှင့် အော်ပရေးတင်း စနစ် အတိအကျ လိုအပ်သည့် ကွန်ပျူတာ) ။ သင်ကိရိယာ(များ)တွင် လိုအပ်သည့် နည်းစနစ်ဆိုင်ရာ ဝိသေများမထည့်သွင်းထားလျှင်ဖြစ်စေ အထူးဝန်ဆောင်မှုအတွက် ဤစည်းကမ်းချက်များ နှင့် ပြင်ပအဖွဲ့အစည်း -စည်းကမ်းချက်များတွင် ဖော်ပြထားသည့် သတ်မှတ်ချက်များနှင့် မကိုက်ညီလျှင်ဖြစ်စေ ကျွန်ုပ်တို့သည် သင့်ကို ဝန်ဆောင်မှု(များ) ပံ့ပိုးပေးရန် ဝတ္တရားမရှိပါ။ ဝန်ဆောင်မှုမရနိုင်သောနေရာ၊ ရရှိနိုင်စွမ်း လျော့နည်းသော သို့မဟုတ် သက်ရောက်မှုရှိသောနေရာသို့မဟုတ် ချိတ်ဆက်နိုင်စွမ်း၊ ပထဝီဒေသ သို့မဟုတ် မြေမျက်နှာသွင်ပြင်အနေအထား အခြေအနေများ (ဝေးလံသော နေရာ၊ မြေအောက် ကားပါကင်၊ မြင့်မားသော အဆောက်အအုံများ၊ တောင်ကုန်းသို့မဟုတ် ဥမင်လိုဏ်ခေါင်းများ ကဲ့သို့)၊ ကားထိန်းသိမ်းရန် ပျက်ကွက်ခြင်း၊ ကားထိခိုက်ပျက်စီးခြင်းသို့မဟုတ် ကိရိယာများ ကောင်းစွာ အလုပ်လုပ်ခြင်း၊ အစိုးရ ဥပဒေများ၊ စည်းကမ်းချက်များနှင့် စည်းမျဥ်းများ၊ ချွတ်ယွင်းမှုများ၊ ကြိုးမဲ့ကွန်ရက် ပြတ်တောက်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများ၊ စစ်ပွဲများ၊ ဘုရားသခင်အလိုကျအတိုင်း၊ သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုဖောက်ပြန်မှုများနှင့် လုပ်သား ဆန္ဒပြခြင်း၊ အချိန်မသတ်မှတ်ထားသော ချိတ်ဆက်မှု နှေးကွေးချိန်၊ ဝန်ဆောင်မှု ဖြစ်စေ ဆော့ဖ်ဝဲဖြစ်စေ အပ်ဒိတ်များသို့မဟုတ် ချွတ်ယွင်းချက်များကဲ့သို့သော မိမိတို့ ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် အခြေအနေများတွင် ကျွန်ုပ်တို့၌ တာဝန်မရှိပေ။

အချို့သောဝန်ဆောင်မှုများသည် လည်ပတ်နိုင်ရန် အင်တာနက် သို့မဟုတ် မိုဘိုင်း ဒေတာဖွင့်သုံးနိုင်ဖို့ လိုပါသည်။ သင်၏ Volvo ကားတွင် အချိန်ကာလတစ်ခုအထိ အသုံးပြုကြေး ရှိနိုင်သည်၊ သို့မဟုတ်ပါက သင်က အသုံးပြုခွင့်ကို ဝယ်ယူရမည်ဖြစ်သော်လည်း ပုံမှန်ဖြစ်စဥ်အားဖြင့် သင်၏ သုံးစွဲခွင့်မှာ ပြင်ပအဖွဲ့အစည်း- စည်းကမ်းချက်များနှင့်အညီဖြစ်သည် - ဥပမာ အင်တာနက် ဝန်ဆောင်မှု သို့မဟုတ် တယ်လီဆက်သွယ်ပြောဆိုရေး ပံ့ပိုးသူ ("ဒေတာ ဝန်ဆောင်မှုများ ပံ့ပိုးသူ") ထံမှ စည်းကမ်းချက်။ Volvo Cars သည် ဒေတာ ဝန်ဆောင်မှုများ ပံ့ပိုးသူမဟုတ်ဘဲ နောင်တစ်ချိန်မှာလည်း ဟုတ်မည် မဟုတ်ပေ။

ဝန်ဆောင်မှုများကို သင်ရယူသုံးစွဲမှုသည် မဖြစ်မနေလုပ်ရမည့် "သင့်ဖောက်သည်ကိုသိရှိပါ" စစ်ဆေးလိုအပ်ချက်ပါဝင်သည့် စစ်ဆေးအတည်ပြုမှု လုပ်ငန်းစဥ်ကို စိတ်ကျေနပ်အောင် အပြီးသတ်လုပ်ဆောင်ပေးရမည်။ ဤလုပ်ငန်းစဥ်တွင် အချို့သော စာရွက်စာတမ်းနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များကို Volvo Cars ထံဖြစ်စေ ဒေတာဝန်ဆောင်မှုများ ပံ့ပိုးသူထံ ဖြစ်စေ ပေးအပ်ရမည်။ အချို့သော ဖြစ်ရပ်များတွင် မှတ်ပုံတင်လုပ်ငန်းစဥ် အောင်မြင်စွာပြီးဆုံးကျော်ဖြတ်ရန် အပိုဆောင်း စာရွက်စာတမ်းများကို တင်သွင်းခိုင်းပါမည်။

ဝန်ဆောင်မှုတွင် ထည့်သွင်းထောက်ပံ့ထားသော ဝိသေအချို့ကို သင်၏ Volvo ကား မျက်စိရှေ့တွင်ရှိသည့်အခါ အသုံးပြုနိုင်သည်၊ သို့မဟုတ်ပါက ဤ စည်းကမ်းချက်များ ၊ တိကျသော စည်းကမ်းချက်များ သို့မဟုတ် စာရွက်စာတမ်းတွင် ဖော်ပြထားသည့်အတိုင်း သုံးစွဲရန် ဘေးကင်းကြောင်း၊ အဆောက်အဦ သို့မဟုတ် လူပုဂ္ဂိုလ်အား ထိခိုက်မည့် ဘေးမရှိကြောင်း အာမခံဖို့လိုသည်။ ဝန်ဆောင်မှုများအားလုံးကို သင့်ဈေးကွက်ရှိ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ သင်မှသာ သုံးစွဲသင့်ပြီး မည်သို့သော တရားမဝင်သည့် လုပ်ရပ်ဖြင့်မဆို အသုံးမပြုသင့်ပေ။ သင့်အတွက်ပံ့ပိုးထားသော အင်္ဂါရပ်များနှင့်ဝန်ဆောင်မှုများကို သင်၏ တရားစီရင်ရေးအောက်ရှိ ချမှတ်ထားသည့် လမ်းနှင့် ယာဥ်ဥပဒေများအားလုံးနှင့်အညီ အသုံးပြုရမည်။ Volvo Cars ၏ အင်္ဂါရပ်များသည် ဘေးကင်းရေး ယာဥ်မောင်းနှင်မှု ကျင့်သုံးခြင်းများနှင့် လိုက်ဖက်ညီပြည့်စုံပြီး အာရုံထွေပြားနေသော ၊ အကြမ်းပတမ်းဖြစ်သော သို့မဟုတ် ဘယ်နည်းနှင့်မဆို ဘေးကင်းမှုမရှိသော သို့မဟုတ် တရားမဝင်သော ‌မောင်းနှင်မှုအတွက် ထုတ်လုပ်ထားခြင်း မဟုတ်သလို အားလည်းမပေးပါ။ အစွန်းကုန်ဆိုရလျှင်၊ အချိန်ပြည့်ဘေးကင်းပြီး ဥပဒေနှင့်ညီစွာ ယာဥ်မောင်းနှင်ရန်မှာ သင့်တာဝန်သာဖြစ်သည်။ ဝန်ဆောင်မှု သုံးစွဲရန် ဘေးကင်းကြောင်း သို့မဟုတ် ဖြစ်နိုင်ကြောင်း၊ ရေရှည် တည်တံ့ကြောင်းနှင့် ဆက်စပ်သော မည်သည့် အာမခံမဆိုသည် မိမိတို့၏ အာမခံနှင့် ပတ်သက်၍ မသက်ဆိုင်ကြောင်းရှင်းလင်းချက် နှင့် ကိုက်ညီရမည်။

Volvo ID

ဝန်ဆောင်မှုများစွာ အသုံးပြုရန်အတွက် သင့်တွင် သက်ဝင်နေသော Volvo ID တစ်ခုရှိဖို့ လိုအပ်သည်။ Volvo ID မှာ အထူး တစ်ကိုယ်ရေသုံး လွှဲပြောင်းပေး၍ မရသော အကောင့်တစ်ခုဖြစ်ပြီး Volvo Cars ဂေဟစနစ်တွင်း ဝန်ဆောင်မှုများ သင်သုံးစွဲနိုင်စေရန် ကျွန်ုပ်တို့မှ ပံ့ပိုးထားပေးပုံဖြစ်သည်။ Volvo ID နှင့် ဆက်စပ်သော လုပ်ဆောင်ချက်များမှာ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ဤစည်းကမ်းချက်များဖြင့် စည်းကြပ်ထားသည်။ Volvo ID ဖန်တီးခြင်းနှင့် အသုံးပြုခြင်းမှာ အခမဲ့ဖြစ်သည်။

အချို့သော ဝန်ဆောင်မှုများသည် သင်၏ Volvo ID ကို Volvo ကားတစ်စီးသို့မဟုတ် တစ်စီးထက်ပိုသော ကားများနှင့် ချိတ်ဆက်ရန် လိုအပ်သည်။

Volvo ID တစ်ခုအား မှတ်ပုံတင်ခြင်းဖြင့် သင်မှ မိမိတို့ထံ ပံ့ပိုးဖြည့်သွင်းလိုက်သည့် ဒေတာသည် တိကျမှန်ကန်ကြောင်း Volvo ID ကို ဤစည်းကမ်းချက်များနှင့်အညီ အသုံးပြုရန်အတွက် ဖန်တီးကြောင်း အတည်ပြုပေးရမည်။ သင်၏ Volvo ID ကိုမှတ်ပုံတင်သည့်အခါ သင်အတိအကျဖော်ပြခဲ့သည့် အီးမေးလ်လိပ်စာဖြင့် ကျွန်ုပ်တို့က သင့်အား ဆက်သွယ်နိုင်ကြောင်း ကိုလည်း သင်အတည်ပြုပေးရမည်။ ကျွန်ုပ်တို့သည် ဤအီးမေးလ်လိပ်စာကို တိုက်ရိုက်မားကတ်တင်းအတွက် အသုံးပြုမည်မဟုတ်သည်မှာ အကယ်၍ - (က) တိုက်ရိုက်မားကတ်တင်းနှင့်ဆိုင်သော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုမှာ သင်ဝယ်ယူထားသည့် တစ်ခုနှင့် ဆင်တူနေခြင်း မရှိလျှင်၊ တိုက်ရိုက်မားကတ်တင်း လက်ခံရရှိဖို့ သင်ရွေးချယ်မှု မလုပ်ထားသေးလျှင်သို့မဟုတ် (ခ) ထိုသို့ပြုလုပ်ရန် သင်ကမိမိတို့ထံ ခွင့်ပြုချက် ပေးအပ်ဖော်ပြခဲ့သည့် အခြေအနေအားလုံး။

Volvo ကား ပိုင်ရှင်/မူလ ယာဥ်မောင်း ပြောင်းလဲမှု

Volvo ကားတစ်စီး၏ ပိုင်ရှင် နှင့်/သို့မဟုတ် မူလ ယာဥ်မောင်း (ပိုင်ရှင်မဟုတ်လျှင်) အပြောင်းအလဲဖြစ်ခဲ့လျှင် စက်ရုံထုတ် သတ်မှတ်ချက်များသို့ ပြန်လည်သတ်မှတ်မှုအား အသုံးပြုခြင်းဖြင့် ထို Volvo ကားနှင့်ဆက်စပ်သော ဝန်ဆောင်မှုအားလုံးကို ချက်ချင်း ပိတ်ချရမည်။ Volvo ကားမော်ဒယ်လ်နှင့် မော်ဒယ်လ် ထုတ်လုပ်သည့် နှစ်ပေါ်မူတည်၍ ပြန်လည်သတ်မှတ်ချက် ပြီးမြောက်ရန် ဒေသန္တရ Volvo လက်လီဖြန့်ချိသူ တစ်ဦးထံသို့ ယူဆောင်သွားဖို့လိုပြီး အခကြေး ကုန်ကျနိုင်သည်။ သင်၏ Volvo ID ကြား ချိတ်ဆက်မူကို သင် ချက်ချင်းပိတ်ချရမည်ဖြစ်ပြီး Volvo အပြင် ဝန်ဆောင်မှုအားလုံးနှင့် ဆက်စပ်သော ဒေတာအားလုံးကို လွှဲပြောင်းပေးရမည်။ ဝန်ဆောင်မှုများ ပိတ်ချပုံနှင့်ဆက်စပ်၍ နောက်ထပ်အချက်အလက်ကို စာရွက်စာတမ်းတွင် တွေ့ရှိနိုင်သည်။ သင်၏ ဒေသန္တရ Volvo ကား လက်လီဖြန်ချိသူကို မေးမြန်းနိုင်သလို ကျွန်ုပ်တို့အား ဆက်သွယ်ပါ တွင်လည်း ဆက်သွယ်နိုင်သည်။

Volvo ID တစ်ခုနှင့်အထက် နှင့်ချိတ်ဆက်နေသည့် Volvo ကားတစ်စီး၏ ပိုင်ရှင် နှင့်/သို့မဟုတ် မူလ ယာဥ်မောင်း (ပိုင်ရှင်မဟုတ်လျှင်) အပြောင်းအလဲဖြစ်ခဲ့သည်ကို ကျွန်ုပ်တို့ သိရှိလာပါက သင်သည် မူလ ယာဥ်မောင်းဖြစ်ကြောင်း သို့မဟုတ် Volvo ကားနှင့်ဆက်စပ်၍ သင်၏ Volvo ID ဆက်လက်အသုံးပြုရန် မူလ ယာဥ်မောင်း၏ ခွင့်ပြုချက်ရှိကြောင်း သင် မပြနိုင်လျှင် ကျွန်ုပ်တို့က ဤချိတ်ဆက်မှုများကို ချက်ချင်း ပိတ်ပင်သွားမည် သို့မဟုတ် ပိတ်ချလိုက်မည်။ သက်ဆိုင်ရာ ဥပဒေများမှ သတ်မှတ်ထားခြင်းမရှိလျှင် Volvo ကားပိုင်ရှင်မှ ဖြစ်စေ မူလ ယာဥ်မောင်းမှဖြစ်စေ Volvo ကားနှင့် ယခင်ကချိတ်ဆက်ခဲ့သည့် ယခင် ပိုင်ရှင်များ၊ မူလ ယာဥ်မောင်းများ သို့မဟုတ် Volvo ID များနှင့် စပ်လျဥ်းသည့် အချက်အလက်ကို သင်ဝင်ရောက်သုံးစွဲခွင့် မရှိပေ။

ဝန်ဆောင်မှုများ

သင်က ဝန်ဆောင်မှုများစွာကို မိမိတို့၏ အဓိကApp ဖြစ်သည့်"Volvo Cars App" မှတဆင့် သုံးစွဲနိုင်ပြီး ၎င်းမှာ Volvo Cars နှင့် သင်၏ အပြန်အလှန်ဆက်သွယ်မှုကို စီမံပေးပါသည်။ Volvo Cars App ကို အသုံးပြုရန် သင်က Volvo ID တစ်ခုလိုအပ်သည်။ အခမဲ့ဖြစ်သော အချို့ဝန်ဆောင်မှုများ သို့မဟုတ် လုပ်ဆောင်ချက် ရှိသလို အချို့မှာ အသင်းဝင်ကြေးရှိဖို့ သို့မဟုတ် ဝယ်ယူဖို့ လိုအပ်သည်။

ဒီဂျစ်တယ် ဝန်ဆောင်မှုများ

အချို့ Volvo ကားများကို ဒီဂျစ်တယ် ဝန်ဆောင်မှုများ ပက်ကေ့ချ်ဖြင့်တွဲ၍ ‌ရောင်းချသည် သို့မဟုတ် တွဲဖက်သုံးပြီး ထည့်သွင်းထားသည်မှာ-

  • Google maps, Google digital assistant နှင့် Google Play app store
  • အဝေးမှ ယာဥ် ဝန်ဆောင်မှုများ
  • ဒေတထည့်သွင်းထားသည်။

ဒီဂျစ်တယ် ဝန်ဆောင်မှုများတွင် ရရှိနိုင်သော နှင့်/သို့မဟုတ် ထည့်သွင်းထားသည့် တိကျသော ထုတ်ကုန်များနှင့် အင်္ဂါရပ်များသည် ဈေးကွက်များအချင်းချင်းကြား ကွဲလွဲခြားနားနိုင်သည်။

အဝေးမှ ယာဥ် ဝန်ဆောင်မှုများ

အဝေးမှ ယာဥ် ဝန်ဆောင်မှုများသည် ကြိုးမဲ့ ဝန်ဆောင်မှုဖြစ်ပြီး သင့် Volvo ကား နှင့် ချိတ်ဆက်နေသည်။ ထုတ်ကုန်ကို ယခင်က Volvo On Call ဟုခေါ်ဆိုပြီး အချို့သော နေရာများတွင် ဤအမည်ဖြင့် ရည်ညွှန်းခေါ်ဆိုဆဲဖြစ်ပသည်၊ ဥပမာ အော်ပရေးစနစ်အဟောင်းများသုံးထားသည့် ဖုန်းများ၊ ကားခလုတ်ရှိ VOC၊ အပ်ဒိတ်မလုပ်ရသေးသည့် စာရွက်စာတမ်းများ။

သင့်မိုဘိုင်းဖုန်းမှတဆင့် လုပ်ဆောင်ချက်များကို သင်အသုံးပြုနိုင်သည်-

  • အဝေးမှ လုပ်ဆောင်သည့် အမိန့်ပေးမှုများ - အပူပေးစက်ဖွင့်ပါ၊ အင်ဂျင်စက်နှိုးပါ၊ လမ်းပြသမှုများ ပေးပို့ပါ
  • သင့်ကားအကြောင်း အချက်အလက် ကြည့်ပါ - အပူချိန်၊ လောင်စာဆီ သို့မဟုတ် လျှပ်စစ် အမျိုးအစား၊ တံခါးများ သော့ဖွင့်ပါ၊ နှိုးဆော်ချက် ခေါင်းလောင်း ဖွင့်ခြင်း၊ လိုအပ်သည့် ထိန်းသိမ်းပြုပြင်မှု၊ ယာဥ်မောင်း ခရီးစဥ် မှတ်တမ်း၊ လျှပ်စစ်အား သုံးစွဲနူန်း
  • သင့်ကားကို ခြေရာခံပါ၊ မောင်းနှင်မှု မှတ်တမ်းဖန်တီးပါ။

သင့် Volvo ကားမှတဆင့် လုပ်ဆောင်ချက်အချို့ကို သင်အသုံးပြုနိုင်သည်-

  • မတော်တဆမှုဖြစ်ပွားခဲ့သည့်အခါ သင့်Volvo ကားမှ အလိုအလျောက် အရေးပေါ် နှိုးဆော်ချက် ဝန်ဆောင်မှု
  • Volvo ကား ခေါ်ဆိုမှု စင်တာကို ဆက်သွယ်ပါ။

လုပ်ဆောင်ချက်အများစုသည် သင့်မိုဘိုင်းဖုန်းထဲတွင် Volvo CarsApp ကို ဒေါင်းလုတ်လုပ်ပြီး အသုံးပြုရန်လိုအပ်သည်။ အဝေးမှ ယာဥ် ဝန်ဆောင်မှုများ အဖြစ်လည်း ဖော်ပြသည့် ဒီဂျစ်တယ် ဝန်ဆောင်မှုများအတွက် မိမိတို့၏ ထုတ်ကုန်ဖော်ပြချက်ကို ဤနေရာ တွင် သင်ဖတ်ရှုနိုင်သည်။

ဒီဂျစ်တယ် ဝန်ဆောင်မှုများ နှင့် အဝေးမှ ယာဥ် ဝန်ဆောင်မှုများ အသင်းဝင်ကြေးများ

ဒီဂျစ်တယ် ဝန်ဆောင်မှုများ သို့မဟုတ် အဝေးမှ ယာဥ် ဝန်ဆောင်မှုများ ဖွင့်သုံးရန်အတွက် သက်ဝင်နေသည့် အသင်းဝင်ကြေးတစ်ခု လိုအပ်သည်။

ပုံမှန်အားဖြင့် ဒီဂျစ်တယ် ဝန်ဆောင်မှုများ သို့မဟုတ် အဝေးမှ ယာဥ် ဝန်ဆောင်မှုများအတွက် အသင်းဝင်ကြေးတစ်ခုကို Volvo ကားအသစ်တစ်စီးကို 3 နှစ်မှ 5 နှစ်အတွင်း ဝယ်ယူသည့်အခါ ထည့်သွင်းပံ့ပိုးထားပါသည်- ကျွန်ုပ်တို့က အချက်အလက်ကို ဒေသဆိုင်ရာ ဈေးကွက်များတွင် ပံ့ပိုးထားသည်၊ လက်လီဖြန့်ချိသူတစ်ဦးနှင့်ဖြစ်စေ မိမိတို့ Volvo Cars ဝဘ်ဆိုက်တွင်ဖြစ်စေ ("Initial Subscription") ကိုစစ်ဆေးကြည့်ပါ။

ကနဦးအသင်းဝင်မှုအဆုံးသတ်ပြီးနောက် သင်၏ အသင်းဝင်မှုကို သင် သက်တမ်းထပ်တိုးနိုင်သည်။ အသင်းဝင်မှုမည်သို့ အလုပ်လုပ်ပုံကို "အသင်းဝင်ကြေးနှင့် သက်တမ်းတိုးခြင်များ " အောက်ရှိ အချက်အလက်တွင် သင်ဖတ်ရှုနိုင်သည်။

ဒီဂျစ်တယ် ဝန်ဆောင်မှုများ သို့မဟုတ် အဝေးမှ ယာဥ် ဝန်ဆောင်မှုမျာ အသင်းဝင်မှုအားလုံးသည် ကားကိုသာ လိုက်နာသည် သင့်ကို မဟုတ်ပါ- သို့ဖြစ်၍ သင်က Volvo ကားကိုရောင်းချလျှင် အသင်ဝင်‌ကြေးမှာ ပိုင်ရှင်အသစ်နှင့်သာ အကျုံးဝင်မည်။ သင်သည် ကားကို မပိုင်ဆိုင်တော့ကြောင်း Volvo ထံ အသိပေးရမည်ဖြစ်ပြီး အနာဂတ်တွင် ငွေပေးချေမှုများ မပြုလုပ်မိစေဖို့ လက်ရှိသက်ဝင်ဆဲ အသင်းဝင်ကြေးတစ်ခုခုကို ပယ်ဖျက်ရမည်။ သက်ဆိုင်ရာ အသင်းဝင်ကြေးကာလမပြီးဆုံးမချင်း ဒီဂျစ်တယ် ဝန်ဆောင်မှုများ သို့မဟုတ် အဝေးမှ ယာဥ် ဝန်ဆောင်မှုများသည် ကားနှင့် ဆက်စပ်၍ ဆက်လက်အကျုံးဝင်ရရှိနေမည်။

အဝေးမှ ယာဥ် ဝန်ဆောင်မှုများ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များ

အဝေးမှ ယာဥ် ဝန်ဆောင်မှုများ၏ အတိုင်းအတာနှင့် လုပ်ဆောင်ချက်များနှင့်အညီ အဝေးမှ ယာဥ် ဝန်ဆောင်မှုများ သည်မတော်တဆဖြစ်သည့်အခါ ဖြစ်စေ ကားဖောက်ထွင်းမှုဖြစ်သည့်အခါ ဖြစ်စေ သင်နှင့် ခရီးသည်များအား အထောက်အကူပြုရန် ရည်ရွယ်သည်၊ သို့သော် (က) ၎င်းမှာ အာမခံ စာချုပ်ချုပ်ဆိုမှု မဟုတ်ဘဲ သင်၏ Volvo ကား နှင့်ပတ်သက်ပြီး မည်သည့် အာမခံကုမ္ပဏီမဆိုအတွက် Volvo Cars တွင် တာဝန် ဝတ္တရားမရှိပါ၊ (ခ) သင်၏ Volvo ကား တွင် ထည့်သွင်းတပ်ဆင်ထားသည့် မည်သို့သော ဖောက်ထွင်းမှု-တားဆီးရေး ကိရိယာတစ်ခုခုအား အစားထိုးခြင်း သို့မဟုတ် အစားလဲပေးခြင်း လုပ်ဖို့ မရည်ရွယ်ပါ၊ (ဂ) သင်ရရှိနိုင်သည့် ပြည်နယ်သို့မဟုတ် နိုင်ငံအဆင့် အရေးပေါ် ဝန်ဆောင်မှုတစ်ခုခုအား အစားထိုးရန် သို့မဟုတ် အစားလဲပေးခြင်း မရှိပါ နှင့် (ဃ) ချမှတ်ထားသည့် ဥပဒေများ စည်းမျဥ်းစည်းကမ်းအားလုံးနှင့်အညီ အသုံးပြုရမည်။ Volvo Cars သည် ခိုးယူခံရသည့် ယာဥ်အား ပြန်လည်ရယူပေးမည်ဆိုသော ကိုယ်စားပြုမှုများဖြစ်စေ အာမခံချက်များဖြစ်စေ မပြုလုပ်ပါ။

ဝယ်ယူရေး ဝန်ဆောင်မှုများ

မှာယူရေး ဝန်ဆောင်မှုများ

ငွေပေးချေရန် လိုအပ်သည့် ဝန်ဆောင်မှုတစ်ခုကို သင်အသုံးမပြုနိုင်မီ သင်သည် အွန်လိုင်း မှာယူမှု လုပ်ဆောင်ချက်တစ်ခုကို ဖြည့်စွက်ရန်လိုအပ်ပြီး သင့်မှာယူမှု အတည်ပြုကာ ဝန်ဆောင်မှုအတွက် ငွေပေးချေရမည်။ လုပ်ငန်းစဥ် အဆင့်ဆင့်တိုင်းတွင် သင်၏ မှာယူမှုကို အချိန်ယူ ဖတ်ရှုပြီး စစ်ဆေးပါ။ မိမိတို့က သင်၏ မှာယူမှုကို ငြင်းပယ်ခြင်းမလုပ်လျှင် သက်ဆိုင်ရာ ဝန်ဆောင်မှု အသုံးပြုရေးအတွက် သင့် မှာယူမှုတစ်ခုပြုလုပ်ခြင်းဖြင့် Volvo Cars နှင့် သင့်ကြားတွင် သဘောတူညီချက် တစ်ခုရရှိရာရောက်သည်*"စာချုပ်)။

သင့်မှာယူမှုကို အတည်ပြုလိုက်သည်နှင့် တပြိုက်နက် စခရင်တွင် မှာယူမှု အတည်ပြုချက်တစ်ခုကို သင်မြင်တွေ့ရမည်ဖြစ်ပြီး သင်၏ မှာယူမှု အကြောင်း အသေးစိတ် အချက်အလက်များ၊ သင်၏ မှာယူမှုနှင့်ဆက်စပ်သော နောက်ဆက်တွဲ မေးမြန်းမှုများ သို့မဟုတ် တုန့်ပြန်ဖြေကြားမှုများအား ရည်ညွှန်းသင့်သော ထူးခြားသည့် မှာယူမှု ID တို့ပါသည့် ဖြတ်ပိုင်း/ကုန်ပို့လွှာ အီးမေးလ်ကို သင့်ထံ ပေးပို့သွားမည်။ အခြားနည်းဖြင့် သင့်မှာယူမှုကို ကျွန်ုပ်တို့ လက်မခံကြောင်း အသိပေးရန် ကျွန်ုပ်တို့က သင့်အား ဆက်သွယ်နိုင်ပါသည်။ ၎င်းမှာမထူးဆန်းပါ ၊ အကြောင်းမှာ - (က) သင်၏ ငွေပေးချေမှုကို ကျွန်ုပ်တို့ ခွင့်ပြုချက် မရနိုင်ခြင်း သို့မဟုတ် (ခ) သင်က ဝန်ဆောင်မှုဝယ်ယူရန် သတ်မှတ်ချက် မပြည့်မီခြင်း။

ငွေပေးချေမှု

ဝန်ဆောင်မှုကို Volvo Cars App သို့မဟုတ် အွန်လိုင်းမှတဆင့် မှာယူလေ့ရှိပြီး လုံခြုံစိတ်ချရသော အွန်လိုင်း ငွေပေးချေမှုစနစ်မှတဆင့် အသုံးများသော ဒဲဘစ် သို့မဟုတ် ခရစ်ဒစ်ကတ်သုံးပြီး ငွေပေးချေလေ့ ရှိကြသည်။

ကျွန်ုပ်တို့သည် ပြင်ပအဖွဲ့အစည်း ငွေပေးချေရေး ဝန်ဆောင်မှုကို အသုံးပြုသည်၊ သင်၏ ဒဲဘစ် သို့မဟုတ် ခရစ်ဒစ်ကတ်အချက်အလက် ပေးအပ်ခြင်းဖြင့် သင်သည် ဤငွေပေးချေမှုနည်းလမ်းအတွက် သက်ဆိုင်ရာ အခကြေးများတောင်းယူဖို့ မိမိတို့၏ ငွေပေးချေရေး ပံ့ပိုးသူအား ခွင့်ပြုချက်ပေးသည့် အပြင် သင်ပေးဆောင်ရသည့် အခြားအခကြေးနှင့် အခွန်အခများ ပေးချေဖို့ ခွင့်ပြုသလို သင့်ကတ်အသေးစိတ်အချက်အလက်နှင့် သက်ဆိုင်ရာ ပြင်ပအဖွဲ့အစည်း (လိမ်လည်မှု တားဆီးရေး အပါအဝင် အခြားအရာများ) မှ ဖော်ဆောင်ပေးသည့် ငွေပေးချေရေး အသွားအလာတစ်ခုအတွက် လိုအပ်သည့် အခြားသော အချက်အလက် ကိုင်တွယ်လုပ်ဆောင်ခြင်းကိုလည်း သင်သဘောတူသည်။ ငွေပေးချေရေး အသွားအလာများလုံခြုံဘေးကင်းစွာ စီမံရန် ကျွန်ုပ်တို့သည် ဘဏ်များမှ ထောက်ခံချက်ပေးထားသည့် ပြင်ပအဖွဲ့အစည်း ငွေပေးချေရေး ဝန်ဆောင်မှုများနှင့် ကတ်ထုတ်ပေးသူများကိုသာ အသုံးပြုပါသည်။ မိမိတို့ဝဘ်ဆိုက်နှင့် သင့်ကြား ဆက်သွယ်ပြောဆိုမှုများအားလုံးကို ပြင်ပအဖွဲ့အစည်း ငွေပေးချေရေး ဝန်ဆောင်မှုများမှ ကိုင်တွယ်လုပ်ဆောင်ပါသည်။

ပယ်ဖျက်ခွင့်

သင်စာချုပ်ချုပ်ဆိုပြီးနောက် 14 ရက်အတွင်း မည်သည့် အကြောင်းပြချက်မျှ မပေးဘဲသင်၏ စာချုပ်ကို သင်ပယ်ဖျက်နိုင်ပါသည်။

ပယ်ဖျက်နိုင်သည့် သင့်အခွင့်အရေးကို အသုံးချရန် သင်သည် ရှင်းလင်းစွာဖော်ပြမှုဖြင့် စာချုပ်ပယ်ဖျက်လိုသည့် သင့်ဆုံးဖြတ်အကြောင်းကို ကျွန်ုပ်တို့ထံ အသိပေးရမည်။ အထက်တွင်ဖော်ပြခဲ့သည့် စာပို့လိပ်မူ သို့မဟုတ် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ သို့ သင်၏ ပယ်ဖျက်မှုကို ပေးပို့ခြင်းဖြင့် သင်ပယ်ဖျက်နိုင်ပါသည်။ မလိုအပ်သော်လည်း ပယ်ဖျက်မှုပေးရန် သင်ကဤ ဖောင်ကို အသုံးပြုနိုင်သည်၊။

သင်က စာချုပ် ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ပါက ကျွန်ုပ်တို့သည် စာချုပ်နှင့်ဆက်စပ်၍ သင့်ထံမှ ကျွန်ုပ်တို့ လက်ခံရရှိထားသည့် ငွေပေးချေမှုအားလုံးကို ကျွန်ုပ်တို့က ကြန့်ကြာမှုမလုပ်ဘဲ ငွေပြန်အမ်းပေးသွားမည်။ သင်၏ ပယ်ဖျက်ခွင့်အား အသုံးမချခင် ဝန်ဆောင်မှုကို သင်သုံးစွဲခဲ့ပါက ဝန်ဆောင်မှုသင်သုံးစွဲသည့်အတွက် ရောင်းရင်းစားငွေကို ကျွန်ုပ်တို့ဆီလျော်စွာ နူတ်ယူသွားပါမည်။

သင်ကနဦး ငွေပေးချေခဲ့သည့်နည်းအတိုင်း အလားတူ နည်းလမ်းကိုသုံးပြီး ကျွန်ုပ်တို့က ငွေပြန်အမ်းပေးသွားမည်။ ငွေပြန်အမ်းပေးသည့် ရလဒ်အနေဖြင့် ကျွန်ုပ်တို့ထံသို့ သင်က အခကြေးအပိုထပ်ပေးစရာ မလိုအပ်ပါ။

သင်၏ ရုပ်သိမ်းခွင့် နှင့်ဆက်စပ်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဤစည်းကမ်းချက်များပါ မည်သည့်အရာကမျှ သင်၏ ပြဌာန်းအခွင့်အ‌ရေးများအား သက်ရောက်မှု မရှိပါ။

အသင်းဝင်ကြေးနှင့် သက်တမ်းတိုးခြင်များ

အသင်းဝင်ကြေးကို အလိုအလျောက် သက်တမ်းတိုးပေးသည့်အခါ -ဥပမာ လစဥ်ကြေး၊ နှင့် ပုံသေကာလအတွက်သာ အခြားပုံစံဖြင့် -ဥပမာ သုံးလတစ်ကြိမ် သို့မဟုတ် နှစ်စဥ်ကြေးသွင်းသည့်အခါ အချို့သော ဈေးကွက်များတွင် ဝန်ဆောင်မှုကို အလှည့်ကျပေးသွင်းသည့် ပုံစံဖြင့် အသင်းဝင်၍ ရနိုင်ပါသည်။

ပုံသေအသင်းဝင်ကြေးအတွက် သင့်ကို ကြိုတင်အခကြေးတောင်းခံပြီး အသင်းဝင်ကြေးကို အလိုအလျောက် သက်တမ်းတိုးပေးမည်မဟုတ်ပါ။ သင့်တွင် ပုံသေအသင်းဝင်ကြေးတစ်ခုရှိပါက သင်က သင်၏ ပယ်ဖျက်ခွင့် အား ကျင့်သုံးနိုင်ပြီး ထိုအခါ သင်က ပြန်းအမ်းငွေ ရရှိပါမည်။

အလှည့်ကျပေးသွင်းသော အသင်းဝင်ကြေးများအတွက် (နှစ်စဥ် ပေးသွင်းသည့် အသင်းဝင်ကြေးမှလွဲ၍) အသင်းဝင်မှုကာလအတွက် သင့်ထံမှလစဥ်ကြေးကို ကြိုတင် ကောက်ယူသွားမည်။ သင်က ပယ်ဖျက်ရေး အသိပေးစာကို အချိန်မရွေးပေးအပ်နိုင်သလို နောက်ထပ် အသင်းဝင်ကာလ စတင်သည့်အခါ သင့်အသင်းဝင်မှုအဆုံးသတ်၍ သင်၏ ပယ်ဖျက်ခွင့် အရ အကျုံးဝင်ပါသည် (သင်၏ အသင်းဝင်ကြေးပထမဆုံး စတင်ပြီးနောက် 14 ရက်အတွင်း)၊ ထိုအခါ သင်က ပြန်းအမ်းငွေရရှိပါမည်။

သင့်တွင် နှစ်စဥ် အလှည့်ကျ ပေးသွင်းသည့် အသင်းဝင်ကြေးတစ်ခုရှိလျှင်၊ သင့်ကို ကြိုတင်အခကြေးတောင်းခံမည်ဖြစ်ပြီး နောက်ထပ် သက်တမ်းတိုးထားသည့် အသင်းဝင်ကာလစတင်ပြီးလျှင် ပြီးချင်းနောက် 14 ရက်အတွင်း သင်၏ ပယ်ဖျက်ခွင့်ကို အချိန်မရွေးကျင့်သုံးနိုင်သည်၊ ထိုအခါ သင်က ပြန်းအမ်းငွေရရှိပါမည်။

ဒစ်ဂျစ်တယ်နှင့် IP ကိစ္စရပ်များ

ကန့်သတ်ချက်များ အသုံးပြုခြင်း

ဝန်ဆောင်မှုများကို သင်အသုံးမပြုနိုင်ပါ -

  • ဤစည်းကမ်းချက်များတွင် သတ်မှတ်ပြဌာန်းထားမှု၊ တိကျသော စည်းကမ်းချက်တစ်ခုခု သို့မဟုတ် ပြင်ပအဖွဲ့အစည်း -စည်းကမ်းချက်များနှင့်/သို့မဟုတ် စာရွက်စာတမ်းနှင့် ဆန့်ကျင်ကွဲလွဲခြင်း။
  • ချမှတ်ထားသော ဥပဒေများနှင့် စည်းမျဥ်းစည်းကမ်းများ -ဥပမာ ဉာဏပိုင်ဆိုင်မှုအခွင့်အရေးများ သို့မဟုတ် အသွားအလာ စည်းမျဥ်းစည်းကမ်းများနှင့် ဆန့်ကျင်ကွဲလွဲရာရောက်ခြင်း။ မည်သို့သောဝန်ဆောင်မှုများ၏ လုံခြုံရေးအား ခြိမ်းခြောက်နေသည့် သုံးစွဲနူန်း အပြင် မိမိတို့၏ သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခု၏ နည်းပညာအခြေခံအဆောက်အအုံအား ဟန့်တားခြင်းဖြစ်စေ ထိခိုက် ပျက်စီးခြင်းဖြစ်စေ ပြုလုပ်သည့် သုံးစွဲနူန်း သို့မဟုတ် အခြားသော ဖောက်သည်၏ ဝန်ဆောင်မှုသုံးစွဲခြင်းအား ပိတ်ပင်တားမြစ်ထားခြင်း။

သင်သည် ဝန်ဆောင်မှုများအား ထိခိုက်ပျက်စီးမှု၊သုံးမရအောင် ပိတ်ထားမှု သို့မဟုတ် တစ်နည်းနည်းဖြင့် ချွတ်ယွင်းအောင်လုပ်မှု သော်လည်းကောင်း ဝန်ဆောင်မှုများနှင့် ဆက်စပ်၍ ဗိုင်းရပ်စ်များ၊ "worms" ၊ မဲလ်ဝဲများ၊ စပိုင်ဝဲများ၊ "trojan horses" သို့မဟုတ် အခြား ဖျက်လိုဖျက်စီးလုပ်သော ကုဒ်များ ဖြစ်စေ ဝန်ဆောင်မှုလည်ပတ်ရေးအား ထိခိုက်ပျက်စီးစေသည့် ပရိုဂရမ်များဖြစ်စေ မိတ်ဆက်ခြင်းသော်လည်းကောင်း မပြုလုပ်ရ။ သင်က အခြားသူကို ဝန်ဆောင်မှုများပေးသုံးလျှင် သုံးစွဲမှုမှာ သင်၏ တာဝန်အပြည့်သာဖြစ်ကြောင်း သင်အသိအမှတ်ပြုပြီး သဘောတူပါသည်။ ဆိုလိုသည်မှာ ဤစည်းကမ်းချက်တစ်ခုခု၊ သက်ရောက်သော တိကျသော စည်းကမ်းချက်များတစ်ခုခု သို့မဟုတ် ပြင်ပအဖွဲ့အစည်း -စည်းကမ်းချက်များနှင့်/သို့မဟုတ် စာရွက်စာတမ်းကို သုံးစွဲသူမှ ချိုးဖောက်ခြင်းသည် သင်က ချိုးဖောက်သည်ဖြစ်ကြောင်း မှတ်ယူသွားမည်။

ဝန်ဆောင်မှုများအတွက် လိုအပ်သည့် အကောင့်တစ်ခုကို မှတ်ပုံတင်အတုဖြင့်ဖြစ်စေ မမှန်ကန်သော အချက်အလက်ဖြင့် တစ်မျိုးတစ်ဖုံ အသုံးပြု၍ဖြစ်စေ ဖန်တီး နှင့်/သို့မဟုတ် အသုံးပြုမှုကို တားမြစ်ထားပြီး ရာဇဝတ်ပြစ်မှု မြောက်နိုင်ပါသည်။

အချို့သော ဝန်ဆောင်မှုများသည် စကားဝှက်တစ်ခုလိုအပ်သည့်အခါ အခြားသူများ မသိနိုင်လောက်သည့် ခက်ခဲသော စကားဝှက်ကို သင်ရွေးချယ်ရမည်။ လုံလောက်သည့် ဘေးကင်းလုံခြုံမှုရှိသော စကားဝှက်အဖြစ် မှတ်ယူရာတွင် ကျွန်ုပ်တို့က သတ်မှတ်ချက်များကို ချမှတ်နိုင်ပါသည်။ သင်၏ စကားဝှက်အား လျှို့ဝှက်စွာသိမ်းဆည်းရန်မှာ သင့်၏ တာဝန်သာဖြစ်ပြီး ပြင်ပအဖွဲ့အစည်းများထံသို့ ဖော်ပြခြင်း မပြုရ။ ပြင်ပအဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုချက်မရှိဘဲ သင့်စကားဝှက်အား ဝင်ရောက်ရယူကြောင်း သင်သံသယဖြစ်မိပါက သင်က စကားဝှက်ကို ချက်ချင်းပြောင်းလိုက်ရမည်။ သင်၏ Volvo ID မှတဆင့် ပြင်ပအဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုချက်မရှိဘဲ ဝန်ဆောင်မှုတစ်ခုခုအား ဝင်ရောက်ရယူကြောင်း သင်သံသယဖြစ်မိပါက ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်ပါ။

သင်က ဝန်ဆောင်မှုများအပြည့်ကို ဖြစ်စေ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ (ဆော့ဖ်ဝဲအပါအဝင် အခြားအရာများ ပါဝင်သည်) မည်သို့သော "ဖော်ပြပါ စာရင်းတွင်ပါသည့် လူပုဂ္ဂိုလ်"ထံ -ဆိုသည်မှာ ဥပရော သမ္မဂ("EU")၊ အမေရိကန်ပြည်ထောင်စု ("U.S.") သို့မဟုတ် ကုလသမ္မဂ ("UN") မှသော်လည်းကောင်း အခြားသော သက်ဆိုင်ရာ အစိုးရအာဏာပိုင်တစ်ရပ်ရပ်မှသော်လည်းကောင်း တစ်နည်းနည်းဖြင့် အရေးယူ ပိတ်ဆိုခံထားရသော သို့မဟုတ် စီးပွားရေးအရေ အရယူယူပိတ်ဆို့မှုတွင် ပါဝင်သော သို့မဟုတ် ထုတ်ပြန်ထားသည့် အရေးယူပိတ်ဆို့မှုစာရင်းတွင် ပါနေသော လူပုဂ္ဂိုလ်၊ ကုမပ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းအဖြစ် ဆိုလိုပြီး အဆိုပါ စာရင်းတွင် ပါသည့် လူပုဂ္ဂိုလ်မှ ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်သောအောက်တွင်ရှိသူ သို့မဟုတ် ထိုပုဂ္ဂိုလ်၏ ကိုယ်စား ပြုမူလုပ်ကိုင်ပေးသူ တို့ထံ - ရောင်းချခြင်း၊ ပံ့ပိုးခြင်း၊ လွှဲပြောင်းခြင်း၊ တဆင့်ခံ လိုင်စင်ချပေးခြင်း သို့မဟုတ် တင်ပို့ခြင်း မလုပ်ပါဟု သင် ကိုယ်စားပြုပြီး အာမခံချက်ပေးပါသည်။ သင်မှ နောက်ထပ်တိုး ကိုယ်စားပြု၍ အာမခံချက်ပေးသည်မှာ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးဉား၊ ဆီးရီးယား သို့မဟုတ် ယူကရိန်းရှိ ခရိုင်းမီးယားဒေသတွင်ရှိသော လူပုဂ္ဂိုလ် သို့မဟုတ် ထိုနိုင်ငံများတွင် စုဖွဲ့ပေးသောသူများ ကိုယ်စား သင်ပြုမူခြင်း မလုပ်ကြောင်း သို့မဟုတ် သင်က ဝန်ဆောင်မှုများအပြည့်ကို ဖြစ်စေ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ (ဆော့ဖ်ဝဲအပါအဝင် အခြားအရာများ ပါဝင်သည်)တစ်နည်းနည်းဖြင့် ထိုသူများထံ ရောင်းချခြင်း၊ ပံ့ပိုးခြင်း၊ လွှဲပြောင်းခြင်း၊ တဆင့်ခံ လိုင်စင်ချပေးခြင်း သို့မဟုတ် တင်ပို့ခြင်း မလုပ်ပါဟု အာမခံသည်။ ဝန်ဆောင်မှုများသုံးစွဲခြင်းဖြင့် သင်သည် အဆိုပါ နိုင်ငံတစ်ခုခုတွင် မရှိပါ သို့မဟုတ် အဆိုပါ စာရင်းတွင် မပါဝင်ကြောင်း သင်ကိုယ်စားပြုပြီး အာမခံချက်ပေးပါသည်။

သုံးစွဲသူ လိုင်စင်နှင့် ဉာဏပိုင်ဆိုင်မှု အခွင့်အရေးများ

ဝန်ဆောင်မှုများတွင်ပါသော ၊ ဝန်ဆောင်မှုများရှိ အကြောင်းအရာများတွင် ပါသော ဉာဏပိုင်ဆိုင်မှု အခွင့်အရေးများအားလုံး (ဆော့ဖ်ဝဲတစ်ခုခုအပြင် အခြားအရာများလည်း ပါဝင်သည်)မှာ မိမိတို့၏ သို့မဟုတ် မိမိတို့ မိတ်ဖက်များ၏ နှင့်/သို့မဟုတ် လိုင်စင်ရထားသူများ၏ အထူးပိုင်ဆိုင်မှုများ ဖြစ်ကြသည်။ ဤစည်းကမ်းချက်များ၊ ချမှတ်ထားသည့် တိကျသော စည်းကမ်းချက်တစ်ခုခု နှင့်/သို့မဟုတ် စာရွက်စာတမ်းမှ ခွင့်မပြုထားလျှင် မည်သည့် ဉာဏပိုင်ဆိုင်မှု အခွင့်အရေးမဆိုသော်လည်းကောင်း ဉာဏပိုင်ဆိုင်မှု အခွင့်အရေးတွင်ပါသော မည်သည့် အခွင့်အရေးမဆိုသော်လည်းကောင်း သင့်တွင် မရှိပါ။

ကျွန်ုပ်တို့က ဝန်ဆောင်မှုများနှင့်ချိတ်ဆက်နေသည့် အကြောင်းအရာနှင့် ဆော့ဖ်ဝဲအား တစ်ကိုယ်ရေအသုံးပြုရန်အတွက် သင့်ထံ လိုင်စင်ချပေးခြင်းသာဖြစ်သည်။ ဉာဏပိုင်ဆိုင်မှု အခွင့်အရေးများပါဝင်နိုင်သော ဤလိုင်စင်သည် သီးသန့်မူပိုင်-မဟုတ်ဘဲ ဤလွှဲပြောင်းမရနိုင်သော စည်းကမ်းချက်များတွင် တနည်းနည်းဖြင့် ဖော်ပြထားလျှင် ခြွင်းချန်အဖြစ် ချန်လှပ်ရမည်။ ထုတ်လုပ်ထားသည့် ရည်ရွယ်ချက်အတွက်နှင့် ဤစည်းကမ်းချက်များတွင်သော်လည်းကောင်း ချမှတ်ထားသည့် တိကျသော စည်းကမ်းချက်များတွင်လည်းကောင်း အတိအကျဖော်ပြထားသည့် သုံးစွဲမှုဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီသာလိုင်စင်ကို အသုံးပြုနိုင်သည်။

ဥပဒေမှ ခွင့်မပြုထားလျှင် ညွှန်ကြားချက် မပြောင်းပေးသည့် ကွန်ပျူတာပရိုဂရမ် ကုဒ်ရေးခြင်း၊ နောက်ပြန် အင်ဂျင်နီယာ ကုဒ်ရေးခြင်း၊ ဝန်ဆောင်မှုများ နှင့် ၎င်းတွင်ပါသော အကြောင်းအရာများနှင့် ဆက်နွှယ်သည့် ဆော့ဖ်ဝဲပါ အကြောင်းအရာများ၏ ရင်းမြစ်ကုဒ်အား ထုတ်နုတ်ယူခြင်း၊ ချိန်ညှိခြင်း သို့မဟုတ် ထုတ်နုတ်ယူတတ်သော အလုပ်များ ဖန်တီးခြင်းတို့ကို သင်မပြုလုပ်ရ။ ဤကန့်သတ်ချက်ချိုးဖောက်မှုဖြစ်စေ ဤလိုင်စည်တွင်သတ်မှတ်ထားသည့် စည်းကမ်းချက် (များ) တစ်ခုခုနှင့် လိုက်နာရန် ပျက်ကွက်မှုဖြစ်စေ ဝန်ဆောင်မှုများအစမ်းသုံးစွဲကာလအား ဆိုင်းငံ့ခြင်း သို့မဟုတ် အဆုံးသတ်ခြင်းတို့ ဖြစ်စေနိုင်သည်။

တစ်နည်းနည်းဖြင့် ညွှန်းဆိုခြင်း မရှိလျှင် အမှတ်အသားများ၊ ကော်ပိုရိတ် လိုဂိုများ၊ ဒိုမိန်းအမည်များနှင့် အထိမ်းအမှတ်တံဆိပ် သင်္ကေတများသည် မိမိတို့၏ ကုန်သွယ်မှုဆိုင်ရာ အခွင့်အရေးတွင် အကျုံးဝင်သည် သို့မဟုတ် မိမိတို့၏ လိုင်စင်ရသူများဖြစ်ကြသော ပြင်ပအဖွဲ့အစည်းများ၏ ကုန်သွယ်မှုဆိုင်ရာ အခွင့်အရေးတွင် အကျုံးဝင်သည်။

စာချုပ်၊ ဤစည်းကမ်းချက်များ သို့မဟုတ် တိကျသော စည်းကမ်းချက်များ အဆုံးသတ်သည့်အခါ ဖြစ်စေ သင်က သက်ဆိုင်ရာ ဝန်ဆောင်မှုများ သို့မဟုတ် ဝန်ဆောင်မှုအားလုံး သုံးစွဲမှု ရပ်ဆိုင်းသည့်အခါဖြစ်စေ ဤလိုင်စင်သည် သက်တမ်းကုန်ဆုံးသည်။

ပြင်ပအဖွဲ့အစည်း ဝဘ်ဆိုက်များ သို့မဟုတ် ရင်းမြစ်များအတွက် လင့်ခ်များ

ဝန်ဆောင်မှုများတွင် ပြင်ပအဖွဲ့အစည်း အသုံးပြုမှုများ သို့မဟုတ် ဝဘ်ဆိုက်များ ချိတ်ပေးသည့် လင့်ခ်များ ပါဝင်နိုင်သည်။ ကျွန်ုပ်တို့သည် ဤလင့်ခ်များကို အဆင်ပြေသက်သာစေရန်အတွက်သာ ထည့်သွင်းပံ့ပိုးထားခြင်းဖြစ်ပြီး ထိုဝဘ်ဆိုက်များတွင်ရှိသော သို့မဟုတ် ထိုဝဘ်ဆိုက်များမှ အကြောင်းအရာ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် တာဝန်မရှိပါ။ လင့်ခ်တစ်ခုခုထည့်သွင်းခြင်းသည် ကျွန်ုပ်တို့မှ ဆိုက်အား ကြော်ငြာ ထောက်ခံပေးခြင်း မဟုတ်ပါ။

အထက်ပါ ဖော်ပြချက်သည် ဝန်ဆောင်မှုများပေါ် အားထားအမှီအခိုပြုရာတွင် သင်၏ မည်သို့သောဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ခုခုတွင်လည်း သက်ရောက်ပါသည်။ ဝန်ဆောင်‌ပေးရာတွင် သင့်ကိရိယာနှင့် စနစ်များ၌ ဗိုင်းရပ်စ်များ၊ "worms" ၊ မဲလ်ဝဲများ၊ စပိုင်ဝဲများ၊ "trojan horses" သို့မဟုတ် အခြား ဖျက်လိုဖျက်စီးလုပ်သော ကုဒ်များ သို့မဟုတ် ပရိုဂရမ်များမဝင်ရောက်နိုင်အောင် ကာကွယ်ပေးရန် ကျွန်ုပ်တို့က ကျိုးကြောင်းဆီလျော်သည့် အဆင့်များလုပ်ဆောင်သွားမည်၊ သို့သော် ၎င်းတို့ မတည်ရှိကြောင်း သို့မဟုတ် သင့်ကိရိယာနှင့် စနစ်များအား ကူးစက်သက်ရောက်မှု မဖြစ်နိုင်ကြောင်းဟု ကျွန်ုပ်တို့ က အာမ- မခံပါ။

app store apps အတွက် အပိုဆောင်း စည်းကမ်းချက်များ

app store တစ်ခုမှဖြစ်စေ ဖြန့်ချိရေး ပလတ်ဖောင်း (Apple Store, Google Play သို့မဟုတ် Amazon Appstore ကဲ့သို့) (တစ်ဦးစီတိုင်းမှာ "App ပံ့ပိုးသူ" ဖြစ်သည်) မှဖြစ်စေရယူပြီး သင်က အက်ပ် တစ်ခု ("Volvo Cars Provided App") မှတဆင့် မည်သည့် Volvo Cars ဝန်ဆောင်မှုမဆိုအား သုံးစွဲလျှင် သို့မဟုတ် ဒေါင်းလုတ်လုပ်လျှင် သင်သည် အသိမှတ်ပြုပြီး သဘောတူသည်-

  • App ပံ့ပိုးသူမှ ထောက်ပံ့ထည့်သွင်းထားသော သုံးစွဲသူ စည်းကမ်းချက်တစ်ခုခုအရ ခွင့်ပြုထားသည်နှင့် ကိုက်ညီစွာ Volvo Cars Provided App ကို သုံးစွဲပါ။ ၎င်းအပြင် ဤစည်းကမ်းချက်များကို သင်နှင့် မိမိတို့ကြား သဘောတူထားသည်၊ App ပံ့ပိုးသူနှင့် သဘောတူထားခြင်းမဟုတ်ပါ၊ ထို့နည်း၎င်း မိမိတို့နှင့် App ပံ့ပိုးသူကြား သဘောတူညီချက်ဖြစ်ပြီး ကျွန်ုပ်တို့သည်သာလျှင် Volvo Cars Provided App အတွက် ဥပဒေအရ တာဝန်ရှိပါသည်။ သို့ဖြစ်၍ Volvo Cars Provided App နှင့်စပ်လျဥ်း၍ ထိန်းသိမ်းပြုပြင်ရေး သို့မဟုတ် ထောက်ပံ့ကူညီပေးရေး ဝန်ဆောင်မှုများ ပံ့ပိုးဖို့ App ပံ့ပိုးသူတွင် ဥပဒေအရ တာဝန်မရှိပါ။
  • Volvo Cars Provided App သည် သက်ဆိုင်ရာ အာမခံတစ်ခုခုနှင့် မပြည့်မီပါက သင်က App ပံ့ပိုးသူထံ အသိပေးနိုင်ပြီးVolvo Cars Provided App အတွက် ဝယ်ယူခဲ့သည့် ဈေးနူန်းထားကို ပြန်လည်လက်ခံရရှိမည်။ သက်ဆိုင်ရာ ဥပဒေမှ အမြင့်ဆုံး အတိုင်းအတာအထိ ခွင့်ပြုထားသည့်အလျောက် Volvo Cars Provided App နှင့် ဆက်စပ်၍ App ပံ့ပိုးသူတွင် အခြားအာမခံ တာဝန်ဝတ္တရား တစ်ခုမှမရှိပေ။
  • သင်က Apple iOS -ထည့်သွင်းထားသည့် မိုဘိုင်း ကိရိယာ ("iOS App" တစ်ခု)တွင် အသုံးပြုရန်အတွက် ဒီဇိုင်းထုတ်ထားသော Volvo Cars Provided App ကို သင်အသုံးပြုနေပါက သင်သည်-
  • သင်၏တောင်းခံချက်တစ်ခုခုကိုသော်လည်းကောင်း iOS App သို့မဟုတ် iOS App အား သင်ပိုင်ဆိုင်နှု နှင့် / သို့မဟုတ် သုံးစွဲမှုနှင့် ဆက်စပ်သည့် ပြင်ပအဖွဲ့အစည်းတစ်ခုခုမှတောင်းခံချက်ကိုသော်လည်းကောင်း ဖြေရှင်းရာတွင် Apple မဟုတ်ဘဲ Volvo Cars သည်သာလျှင် တာဝန်ရှိကြောင်း သင်သဘောတူပြီး ဤတောင်းခံချက်များမှာ - (၁) ထုတ်ကုန် တာဝန်မကင်းခြင်း တောင်ခံချက်၊ (၂) သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် စည်းကမ်းကြီးကြပ်ရေး သတ်မှတ်ချက်တစ်ရပ်ရပ်နှင့် လိုက်နာရန် iOS App မှပျက်ကွက်ကြောင်း တောင်းခံချက်တစ်ခုခု၊ (၃) စားသုံးသူ ကာကွယ်ပေးရေး သို့မဟုတ် အလားတူ ဥပဒေပြဋ္ဌာန်းချက်အရ တောင်းခံချက်များ နှင့် အဆိုပါ တောင်းခံချက်အားလုံးကို ဤသဘောတူညီမှုနှင့် iOS App ပံ့ပိုးသူတစ်ဦးအနေဖြင့် သက်ဆိုင်ရာ ဥပဒေ အရသာလျှင် အကြွင်းမဲ့ စည်းကြပ်စေရမည်ဖြစ်ကြောင်း သင်သဘောတူသည်။
  • ဤစည်းကမ်းသတ်မှတ်ချက်များမှ သက်ဆိုင်သည့် အတိုင်းအတာအလျောက် iOS App သို့မဟုတ် iOS App အား သင်ပိုင်ဆိုင်နှု နှင့် / သို့မဟုတ် သုံးစွဲမှုနှင့် ဆက်စပ်၍ ဉာဏပိုင်ဆိုင်မှုအခွင့်အရေးအားချိုးဖောက်ကြောင်း ပြင်ပအဖွဲ့အစည်းတစ်ခုခုမှတောင်းခံချက် တို့အား စုံစမ်းစစ်ဆေးရေး၊ ခုခံချေပရေး၊ သဘောတူညီချက်ရယူရေး နှင့် ပယ်ချရာတွင် Apple မဟုတ်ဘဲ Volvo Cars သည်သာလျှင် တာဝန်ခံစေရမည်ဖြစ်ကြောင်း သင်သဘောတူသည်။
  • (၁) အမေရိကန်အစိုးရမှ ကုန်သွယ်မှု ပိတ်ပင်ထားသော နိုင်ငံတွင် သို့မဟုတ် အမေရိကန်အစိုးရမှ "အကြမ်းဖက်မှု ထောက်ခံအားပေးသော" နိုင်ငံအဖြစ် သတ်မှတ်ထားသည့် နိုင်ငံတွင် သင်မနေထိုင်ကြောင်း - (၂) သင်သည် အမေရိကန်အစိုးရမှ ထုတ်ပြန်ထားသည့် တားမြစ်ခံရသူ သို့မဟုတ် ကန့်သတ်ခံရသည့်အဖွဲ့အစည်းတစ်ခုခုတွင် မပါဝင်ကြောင်း သင်သည် ကိုယ်စားပြု၍ အာမခံချက်ပေးပါသည်။
  • မိမိတို့၏ iOS App ကိုသုံးစွဲသည့်အခါ သက်ဆိုင်ရာ ပြင်ပအဖွဲ့အစည်း ၏ သဘာတူညီချက်ဆိုင်ရာ စည်းကမ်းချက်များအားလုံးနှင့် လိုက်နာကြောင်း သဘောတူပါသည် (ဥပမာ iOS App ကိုသင်အသုံးပြုသည့်အခါ သင်၏ ကြိုးမဲ့ ဒေတာ ဝန်ဆောင်မှုများသဘောတူညီချက် စည်းကမ်းကို သင် မချိုးဖောက်ရ)။
  • Apple နှင့် Apple ၏ လုပ်ငန်းလက်ခွဲများသည် သင်၏ iOS App လိုင်စင်နှင့် ဆက်စပ်နေပါသဖြင့် ဤစည်းကမ်းသတ်မှတ်ချက်များအရ ၎င်းတို့မှာ ပြင်ပအဖွဲ့အစည်း အကျိုးခံစားခွင့်ရှိသူများ ဖြစ်ကြောင်း သင်သဘောတူသည်။ ဤစည်းကမ်းသတ်မှတ်ချက်များကို သင်လက်ခံလိုက်သည်နှင့် ယင်းနှင့်သက်ဆိုင်သမျှ ပြင်ပအဖွဲ့အစည်း အကျိုးခံစားခွင့်ရှိသူများအဖြစ် သင်၏ iOS App လိုင်စင်နှင့် ဆက်စပ်ကာ Apple သည် ဤ စည်းကမ်းသတ်မှတ်ချက်များကို ပြဌာန်းခွင့်ရှိသည် (နှင့် အခွင့်အရေးကို လက်ခံကြောင်း ယူဆသွားမည်)။

ဥပဒေရေးရာ ကိစ္စရပ်များ

စည်းကမ်းချက်များနှင့် တိကျသော စည်းကမ်းချက်များ သို့မဟုတ် ဝန်ဆောင်မှုများတွင် အပြောင်းအလဲများ

ကျွန်ုပ်တို့သည် အချိန်နှင့်အမျှ ဤ စည်းကမ်းချက်များနှင့် တိကျသော စည်းကမ်းချက်များကို ပြောင်းလဲနိုင်ပါသည်။ အပြောင်းအလဲမှာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု သို့မဟုတ် သင်၏ ဝတ္တရား သို့မဟုတ် မိမိတို့၏ ဝတ္တရား အဓိက ပြောင်းလဲမှုဖြစ်သည့်အခါ ကျွန်ုပ်တို့သည် အနည်းဆုံး ရက်ပေါင်း 30 ကြိုတင်၍ သင့်ထံ အကြောင်းကြားသွားမည်။ ဝန်ဆောင်မှုအား ဆက်လက်အသုံးပြုခြင်းမရှိမီ သင်က စည်းကမ်းချက်ပြောင်းလဲမှုကို လက်ခံရန်လိုအပ်သည် သို့မဟုတ် သင်၏ ဆက်လက်သုံးစွဲမှုမှာ အပြောင်းအလဲများအား လက်ခံသည်ဟု ယူဆသွားမည်။

ကျွန်ုပ်တို့က ဝန်ဆောင်မှုများတွင်ပါရှိသော ဝိသေသများသို့မဟုတ် လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများကို ထည့်ပေါင်းနိုင်သလို ဖယ်ရှားနိုင်ပါသည်၊ ဝန်ဆောင်မှု တစ်ခုခု ပံ့ပိုးရာတွင် သို့မဟုတ် သုံးစွဲခွင့်ပေးရာတွင်ဖြစ်စေ ဝန်ဆောင်မှုများအား ယေဘုယျ ပြောင်းလဲခြင်း သို့မဟုတ် ဝန်ဆောင်မှုများ ခေတ်နှင့်အညီဖြစ်ပြီး အသုံးဆက်ဝင်နေဖို့ အကဲဖြတ်ရာတွင်ဖြစ်စေ ဝန်ဆောင်မှုတစ်ခုလုံးကိုသော်လည်းကောင်း အစိတ်အပိုင်းကိုသော်လည်းကောင်း ဆက်မလုပ်ဘဲ ရပ်ဆိုင်းလိုက်နိုင်ပါသည်။

သင်သည် ဤ စည်းကမ်းချက်များ၊ တိကျသော စည်းကမ်းချက်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများ အပြောင်းအလဲကို သဘောမတူပါက အောက်တွင်ဖော်ပြပါ အဆုံးသတ်ရေး သတ်မှတ်ချက်များ နှင့်အညီ ဝန်ဆောင်မှုများသုံးစွဲမှု ရပ်တန့်ပြီး စည်းကမ်းချက်များနှင့် တိကျသော စည်းကမ်းချက်များအား အဆုံးသတ်ခွင့် သင့်တွင်ရှိသည်။

အာမခံနှင့် ပတ်သက်၍ မသက်ဆိုင်ကြောင်းရှင်းလင်းချက်

ဝန်ဆောင်မှုများကြောင့်ဖြစ်စေ ဝန်ဆောင်မှုများ ဖန်တီးထောက်ပံ့မှုနှင့် ဆက်စပ်၍ဖြစ်စေ ရှိလာသည့် ပြဿနာများ သို့မဟုတ် အငြင်းပွားမှုတစ်ခုခု၊ မကျေနပ်မှု သို့မဟုတ် သင်၏ လုပ်ဆောင်ချက်ကြောင့်ဖြစ်စေ အပြန်အလှန်ဆက်နွှယ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ဝန်ဆောင်မှုများ ဖန်တီးထောက်ပံ့ ပေးမှုကြောင့်ဖြစ်သည့် တောင်းခံချက်များ ဖြစ်ပွားသည့်အခါ ဤစည်းကမ်းချက်များ တွင် တစ်နည်းနည်းဖြင့် ဖော်ပြထားမှုမှလွှဲ၍ နှင့် ဥပဒေမှ ခွင့်ပြုထားသည့်အလျောက် သင် သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခုခုအတွက် ဖြေရှင်းပေးရန် ကျွန်ုပ်တို့သည်သော်လည်းကောင်း ကျွန်ုပ်တို့၏ မိတ်ဖက်တစ်ဦးဦးသည်သော်လည်းကောင်း တာဝန်မရှိပါ။ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုများကြောင့်ဖြစ်သည့် သို့မဟုတ် ဆက်စပ်၍ဖြစ်သည့် တောင်းဆိုမှုများကို သင်နှင့် ပြင်ပအဖွဲ့အစည်း ကြားတွင်သာ အထူးသီးသန့် ဖြေရှင်းစေရမည်ဖြစ်၍ ဥပဒေမှခွင့်ပြုထားသည့် အတိုင်းအတာအထိ ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုတစ်ခုခုအတွက် Volvo Cars တွင် တာဝန်မရှိစေရ။

ဝန်ဆောင်မှုများနှင့် အကြောင်းအရာများကို "မူလအတိုင်းဖြစ်သည်" လုပ်ထုံးဖြင့် ပံ့ပိုးထားပြီး ဝန်ဆောင်မှုများ သို့မဟုတ် အကြောင်းအရာသည် သင့်လိုအပ်ချက်များနှင့် ကိုက်ညီကြောင်း သို့မဟုတ် အနှောင့်အယှက်ကင်းသော၊ လုံခြုံစိတ်ချရသော သို့မဟုတ် ချွတ်ယွင်းမှု ကင်းသော ပုံစံဖြင့် ရရှိနိုင်ကြောင်း သို့မဟုတ် အရည်အသွေး တိကျမှန်ကန်မှု၊ အချိန်ကာလ၊ စစ်မှန်မှု၊ ဝန်ဆောင်မှုများသည်သော်လည်းကောင်း အကြောင်းအရာသည်သော်လည်းကောင်း ပြီးပြည့်စုံမှု သို့မဟုတ် ယုံကြည်အားထားရမှုနှင့် စပ်လျဥ်းမှု အအပါအဝင် မည်သို့သော အာမခံချက် သို့မဟုတ် အာမခံလက်မှတ်မှ မပါရှိပါ။ အထက်ဖော်ပြပါအား ကန့်သတ်ထားခြင်း မရှိဘဲ ရောင်းစွံနိုင်မှု၊ ရည်ရွယ်ချက်တစ်ခုခုအတွက် လျော်ကန်မှု ၊ ကြားဝင်လုပ်ဆောင်ချက် ကင်းရှင်းမှု သို့မဟုတ် ချင်းနင်းဝင်ရောက်ချက် ကင်းလွတ်မှုနှင့် ဆက်စပ်သော အာမခံလက်မှတ်များအားလုံးနှင့် သော်လည်းကောင်း စီးပွားဖြစ် ရည်ရွယ်ချက်အတွက် ရောင်းချခြင်း သို့မဟုတ် သုံးစွဲခြင်းနှင့် ဆက်စပ်၍ဖြစ်ပွားသည့် အာမခံလက်မှတ်များနှင့်သော်လည်းကောင်း မသက်ဆိုင်ကြောင်း ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်များမှ အတိအလင်း ငြင်းဆိုပါသည်။

ကဢ့်သတ်ခြင်း သို့မဟုတ် ချိဢ်ညှိခြင်း မလုပ်ဢိုင်သည့် သက်ဆိုင်ရာ ဥပဒေတစ်ခုခုမှ ချမှတ်ထား‌သော သို့မဟုတ် စည်းကြပ်ထားသော အခွင့်အရေး သို့မဟုတ် ကုစားချက်ကိုဤစည်းကမ်းချက်များရှိ မည်သည့် အရာကမှ ချဢ်လှပ်ခြင်း၊ ကဢ့်သတ်ခြင်း သို့မဟုတ် ချိဢ်ညှိပြင်ဆင်ခြင်း မလုပ်ဢိုင်ပါ။

တာဝန်ယူမှု ကန့်သတ်ထားသည့် ကုမ္ပဏီ

ဤစည်းကမ်းချက်များတွင် တစ်နည်းနည်းဖြင့် ဖော်ပြထားသည်မှလွှဲ၍ နှင့် ဥပဒေမှ ခွင့်ပြုထားသည့် အလျောက် ကျွန်ုပ်တို့သည်သော်လည်းကောင်း ကျွန်ုပ်တို့၏ မိတ်ဖက်တစ်ဦးဦးသည်သော်လည်းကောင်း တာဝန်မရှိသည်မှာ-

  • ဤတွင်ဖော်ပြထားသည့် ကန့်သတ်ကုစားချက်တစ်ခုမှာ ၎င်း၏ မူလရည်ရွယ်ချက်နှင့် သွေဖယ်စေကာမူ အာမခံလက်မှတ်၊ စာချုပ်၊ တရားမနစ်နာမှု (ပေါ့ဆခြင်း အပါအဝင်)၊ ထုတ်ကုန် တာဝန်ခံမှု သို့မဟုတ် အခြားသော ဥပဒေ အကြောင်းရင်းတစ်ခုခုအား အခြေခံသည်ဖြစ်စေ မခံသည်ဖြစ်စေ၊ အဆိုပါ ထိခိုက်ပျက်စီးမှုဖြစ်နိုင်ချေ သို့မဟုတ် ပေါ့ဆမှုအားအကြောင်းကို ကျွန်ုပ်တို့ထံ သို့မဟုတ် ကျွန်တို့၏ မိတ်ဖက်များထံ သို့မဟုတ် အခြားသော အဖွဲ့အစည်းထံ အသိပေးထားသည်ဖြစ်စေ မပေးထားသည်ဖြစ်စေ ဖြစ်လာနိုင်သော အမြတ်အစွန်းဆုံးရှုံးခြင်း၊ ဒေတာ သို့မဟုတ် နာမည်ကောင်း ဆုံးရှုံးခြင်း၊ ဝန်‌ဆောင်မှု ကြန့်ကြာခြင်း၊ ကွန်ပျူတာ ပျက်စီးခြင်း သို့မဟုတ် စနစ် ကျခြင်း သို့မဟုတ် ဝန်ဆောင်မှုများဖြစ်စေ အကြောင်းအရာဖြစ်စေ သုံးစွဲမှုကြောင့်သော်လည်းကာင်း မသုံးစွဲနိုင်ခြင်းကြောင့်သော်လည်းကောင်း တင်ရှိသည့် အစားထိုး ဝန်ဆောင်မှုများ ကုန်ကျစရိတ်၊ စနစ် ကျခြင်း သို့မဟုတ် ကွန်ပျူတာ ပျက်စီးခြင်း၊ ဝန်‌ဆောင်မှု ကြန့်ကြာခြင်း၊ ဒေတာ သို့မဟုတ် နာမည်ကောင်း ဆုံးရှုံးခြင်း၊ အမြတ်အစွန်းဆုံးရှုံးခြင်း အပါအဝင် မတော်တဆဖြစ်သော၊ အထူးဖြစ်သော၊ စံထားထိုက်သော၊ ပြဋ္ဌာန်းဥပဒေအရဖြစ်သော၊ ဆိုးရွားသော သို့မဟုတ် လက်ငင်းအကျိုးဆက်ရှိသော ထိခိုက်ပျက်စီးမှုများ။
  • တောင်းခံချက် အခြေခံသည့် အထက် စာပိုဒ်၌ ဖော်ပြခဲ့သော ဖြစ်ရပ်တွင် ၁၂ လတာကာလအတွင်း ဝန်ဆောင်မှုများသုံးစွဲကြေးအဖြစ် ကျွန်ုပ်တို့ထံ သင်ပေးချေခဲ့သည့် ပမာဏထက် ကျော်လွန်နေသာ ဆုံးရှုံးမှု။

စည်းကမ်းချက်နှင့် အဆုံးသတ်ချက်

အဆုံးသတ်မှုမလုပ်သည်အထိ ဖြစ်စေ သင်က ဝန်ဆောင်မှုများအားလုံး သုံးစွဲမှု ရပ်တန့်လျှင် ဖြစ်စေ ဤစည်းကမ်းချက်များ ဆက်လက်သက်ရောက်နေမည်။

ဝန်ဆောင်မှုတစ်ခုခု သို့မဟုတ် အားလုံးသုံးစွဲခြင်းကို သင်က အချိန်မရွေး ရပ်ဆိုင်းနိုင်ပြီး ထိုအခါ ဤစည်းကမ်းချက်များ၊ တိကျသော စည်းကမ်းချက်တစ်ခုခု သို့မဟုတ် ပြင်ပအဖွဲ့အစည်း -စည်းကမ်းချက်များသည် သက်ရောက်မှု မရှိတော့ဘဲ ဤစည်းကမ်းချက်များ၊ တိကျသော စည်းကမ်းချက်များ တစ်ခုခု သို့မဟုတ် ပြင်ပအဖွဲ့အစည်း -စည်းကမ်းချက်များနှင့်အညီ သင့်တွင် မည်သည့် ဝတ္တရားမျှ မရှိတော့ပေ။

ဝန်ဆောင်မှုတစ်ခုခု သုံးစွဲမှုကို သင်ရပ်ဆိုင်းလိုက်လျှင် ဤစည်းကမ်းချက်များ၊ တိကျသော စည်းကမ်းချက်တစ်ခုခု သို့မဟုတ် ပြင်ပအဖွဲ့အစည်း -စည်းကမ်းချက်များတို့သည် သင်ဆက်လက်သုံးစွဲနေသော ဝန်ဆောင်မှုတစ်ခုစီတိုင်းအတွက် ဆက်လက်သက်ရောက်နေမည်။

ကျွန်ုပ်တို့က ဝန်ဆောင်မှုများထောက်ပံ့ဖန်တီးပေးမှုအား ရာသက်ပန်ဖြစ်စေ ယာယီဖြစ်စေ ရပ်ဆိုင်းပြီး အဆုံးသတ်ခွင့် သို့မဟုတ် ဤစည်းကမ်းချက်များနှင့်/သို့မဟုတ် တိကျသော စည်းကမ်းချက်များအား ဆိုင်းငံ့ခွင့်ကို သီးသန့်ထားရှိသည့်အခါမှာ (က) သင်မှ ဤစည်းကမ်းချက်များနှင့်/သို့မဟုတ် တိကျသော စည်းကမ်းချက်များအား အမှန်တကယ်ချိုးဖောက်မှု သို့မဟုတ် ချိုးဖောက်ကြောင်း ကျိုးကြောင်းဆီလျော်စွာ သံသယဝင်မိလျှင် (ခ) လက်ရှိပုံစံဖြင့် ဝန်ဆောင်မှုကမ်းလှမ်းခြင်းကို တစ်ကမ္ဘာလုံးတွင် သို့မဟုတ် ပထဝီဝင် ဧရိယာတစ်ခုခုတွင် ရပ်ဆိုင်းရန် မိမိတို့ ဆုံးဖြတ်လျှင် သို့မဟုတ် (ဂ) ဝန်ဆောင်မှုများထောက်ပံ့ဖန်တီးပေးမှု ရပ်ဆိုင်းရန် ကျိုးကြောင်းဆီလျော်သည့် အကြောင်းရင်းတစ်ခုအဖြစ် မှတ်ယူရန် မိမိတို့၏အကြွင်းမဲ့ လုပ်ပိုင်ခွင့်ရှိသည့် အလားတူ လုပ်ငန်းဆိုင်ရာ အကြောင်းရင်းတစ်ခုရှိလျှင်။ Volvo Cars သည် မည်သည့်ဝန်ဆောင်မှုမဆို ထောက်ပံ့ဖန်တီးပေးခြင်းကို ရပ်တန့်ရန်ကြံရွယ်လျှင် ဝန်ဆောင်မှု အဆုံးမသတ်မီ လျော်ကန်သော အချိန်ကာလတစ်ခုအတွင်း သင့်ထံ အသိပေးအကြောင်းကြားသွားမည်။

ဤစည်းကမ်းချက်များအဆုံးသတ်မှုနှင့်အတူ သင်က ဝန်ဆောင်မှုများကို မသုံးစွဲနိုင်တော့ပေ။

အဆုံးသတ်မှုသည် ဤ စည်းကမ်းချက်များ၊ တိကျသော စည်းကမ်းချက်များ သို့မဟုတ် ပြင်ပအဖွဲ့အစည်း -စည်းကမ်းချက်များပါ မည်သို့သော ထောက်ပံ့ဖန်တီးမှုမဆိုအား သက်ရောက်မှုရှိမည်မဟုတ်ဘဲ ၎င်းတို့ကို- (က) အာမခံနှင့် ပတ်သက်၍ မသက်ဆိုင်ကြောင်းရှင်းလင်းချက် (ခ) တာဝန်ယူမှု ကန့်သတ်ထားသည့် ကုမ္ပဏီ (ဂ) အလုပ်တာဝန် နှင့် (ဃ) သက်ဆိုင်ရာ ဥပဒေ နှင့် နေရာ တို့နှင့် ဆက်စပ်သော စည်းကမ်းချက်များ ကန့်သတ်မှု မရှိခြင်း အပါအဝင် နောက်ဆက်တွဲ အဆုံးသတ်မှု၌ ဆက်လက် အကျုံးဝင်စေရန် ရည်ရွယ်သည်။

အလုပ်တာဝန်

မည်သည့်အဖွဲ့ဝင်များကမှ ၎င်း၏ အခွင့်အရေး သို့မဟုတ် ဝတ္တရားများကို ဤစည်းကမ်းချက်များ သို့မဟုတ် တိကျသော စည်းကမ်းချက်များအောက်တွင် အခြားအဖွဲ့ဝင်၏ ရေးသားခွင့်ပြုချက်မရှိဘဲ ပြင်ပအဖွဲ့အစည်းတစ်ခုခုထံသို့ ခန့်အပ်ခြင်း မပြုလုပ်ရ။ သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အခွင့်အရေး နှင့် ဝတ္တရားများကို ဤစည်းကမ်းချက်များ နှင့်/သို့မဟုတ် တိကျသော စည်းကမ်းချက်များအောက်တွင် ခန့်အပ်ပါသည်။

သက်ဆိုင်ရာ ဥပဒေ နှင့် နေရာ

ဥပဒေမှ တစ်နည်းနည်းဖြင့် သတ်မှတ်ချက်မပြုထားလျှင်ဤ စည်းကမ်းချက်များ၊ တိကျသော စည်းကမ်းချက်များ နှင့် ဝန်ဆောင်မှုသုံးစွဲခြင်းတစ်ခုခုတို့ကို မြန်မာ၏ ဥပဒေများနှင့်အညီ ဖွဲ့စည်းပြီး စည်းကြပ်စေရမည်ဖြစ်ပြီး ၎င်း၏ ဥပ‌ဒေ မူဘောင်များ ဆန့်ကျင်ကွဲလွှဲမှုနှင့် မသက်ဆိုင်ဘဲ နိုင်ငံတကာဆိုင်ရာ ကုန်စည်များရောင်းချရေးအတွက် ကုလသမ္မဂ စာချုပ်စာတမ်းပဋိဉာဏ်ဆိုင်ရာ သဘောတူညီချက်ကို ချန်လှပ်ထားသည်။ ဥပဒေမှ တစ်နည်းနည်းဖြင့် သတ်မှတ်ချက်မပြုထားလျှင် ဤစည်းကမ်းချက်များနှင့်/သို့မဟုတ် တိကျသော စည်းကမ်းချက်များတစ်ခုခုအရ ဖြစ်ပွားသော တောင်းခံချက်အားလုံးအတွက် အထူးနေရာမှာ ကျွန်ုပ်တို၏ရုံးအား မှတ်ပုံတင်ထားသည့်ဧရိယာရှိ တရားရုံးများ ဖြစ်ရမည်။

သင်က ကိစ္စရပ်ကို ကျွန်ုပ်တို့ဆီ တင်ပြလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ